This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday 21 August 2013

Internet Download Manager သုံးပါ

http://mgsaytanar.blogspot.com/2012/07/internet-download-manager.html



အင်တာနက် သုံးသည့်နှင့် မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုအကြောင်း ရေးသားဖော်ပြပါမည်။ Internet Download Manager ကို ကွန်ပျူတာထဲသို့ မည်သို့ မည်ပုံ ထည့်သွင်းရမည်ကို ရေးသားပေးခဲ့ဖူးပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရှင်းလင်းချက် ညံ့ဖျင်းမှုကြောင့် အားလုံးလိုလို နားမလည် ဖြစ်နေပုံရ၏။ ထို့ကြောင့် IDM အကြောင်းကို အစကနေ ထပ်မံရေးသားဖော်ပြအပ်ပေ၏။

၁) IDM ကို Download လုပ်ယူပါ။
၂) idman60b ကို Install လုပ်ပါ။ Restart တောင်းပါက ပေးလိုက်ပါ။ ပြီးပါက
၃) Start Bar ညာဘက် အောက်ခြေတွင် ပေါ်နေသော IDM သင်္ကေတ အလုံးလေးကို Right Click လုပ်ပြီး Exit ကို ရွေး၍ ပိတ်ပါ။
၎) Download လုပ်ယူထားသော ဖိုင်ထဲတွင် Patch ဖိုင်ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။

၅) ဖိုင်လမ်းကြောင်းတစ်ခု မေးလိမ့်မည်။ My Computer ရှိ Local Disk (C:) အောက်တွင် Program Files ကို သွားပါ။ Internet Download Manager ဖိုင်ကိုဖွင့်၍ IDMan အလုံးလေးကို ရွေးလိုက်ပါ။
၆) ဒါဆိုရင် Patch လုပ်တာ ပြီးသွားပါပြီး။
၇) Start မှ IDM ကို ပြန်ဖွင့်လိုက်ပါ။

ဒါဆိုရင် အမြဲတမ်း သုံးနိုင်ပါပြီး။ အထူးမှာကြားလိုသည်မှာ IDM update လုပ်မလား မေးသည့်အခါ No သာ ပေးရန် ဖြစ်ပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်လျက် . . .

Internet Download Manager 6.17 Build 8 Final


ဒီနေ့ပဲ Update ထွက်လာတဲ့ IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။


IDM အတွက် crack ဖိုင်ကို လိုအပ်ရင်တော့ အောက်ကလင့်ကနေ ဝင်ရောက်ယူနိုင်ပါတယ်..။ ပါတ်စ်ဝါဒ့်က ကျနော့် Blog လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ (2 MB)


Saturday 17 August 2013

ဆရာကြီး vRoot version အသစ်လာပြန်ပြီဗျို့ Version 1.5.0 Thursday, August 08, 2013 | Posted by အဓိပတိ



ဆရာကြီးကတော့ version အသစ်ထပ်လာပြန်ပြီ update တွေကလဲ ခဏခဏပေးတယ်ဗျ
root တဲ့နေရာမှာတော့ ဆရာ့ ဆရာကြီးပဲ
official site ကဝင်ဒေါင်းကြည့်ရအောင်
မဒေါင်းချင်ရင် 
ကနေဒေါင်းလိုက်ဗျာ

Wednesday 14 August 2013

Memory Card ထဲကဖျက်လိုက်မိတဲ့ Data , file တွေကို ပြန်ယူဖို့ နည်းလမ်း



ကွန်ပျူတာမှာ မမျှော်လင့်ဘဲ ဖျက်လိုက်မိလို့ ပျောက်ဆုံးသွားတဲ့ Data , file တွေကို ပြန်ယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့ အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များ အတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် recovery ပြန်လုပ်လို့ ရပါတယ်။

၂။ Instll လုပ်ရပါမယ်။

၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။ 

၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မ့်မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။

၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။

၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။

၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။

၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ် သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်
------------------------ 
TechSpace နည်းပညာဂျာနယ်မှ ကူးယူ ဖော်ပြသည်။
မူရင်းဆိုဒ်

မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)



ကွန်ပျူတာတစ်လုံးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေထဲမှာ Winrar လည်းပါပါတယ်..။ ဒါကြောင့် Winrar ကိုအလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။
ကျန်ခဲ့တဲ့ပိုစ့်မှာ ဆော့ဝဲလ်သွင်းတာ၊ ထုတ်တာကို ရေးခဲ့ပေမယ့် တကယ်ဆို Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည်သဘောပေါက်မှာပါ..။ မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့အခါ သုတို့က သူတို့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်တွေကို ဗိုင်းရပ်စ့်မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ်ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း အတော်လေးအဆင်ပြေပါတယ်..။ ဆော့ဝဲလ်တွေမှ မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar နဲ့ချုပ်ပြီး သိမ်းထားလို့ ရပါတယ်.. Winrar နဲ့မချုပ်ပဲ ထားတဲ့ဓါတ်ပုံဖိုင်တွေဆိုရင် ဗိုင်းရပ်စ် ဖုံးလိုက်လို့ ခဏခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေဆိုရင်လည်း ဗိုင်းရပ်စ်ဖျက်လိုက်ရင် သုံးလို့မရတော့ပါဘူး..။ ဒါက ကျနော့်စက်ထဲမှာ ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။ မိမိတို့စက်ထဲမှာ Winrar မရှိသေးဘူးဆိုရင်တော့ဒီနေရာမှာ ဒေါင်းလော့ချလိုက်ပါ.. ဖရီးဆော့ဝဲလ်လေးပါ..။ ကျနော့်သူငယ်ချင်းတစ်ယောက်ဆိုရင် မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေက ဒေါင်းလို့တော့ရတယ် ..။ သုံးလို့မရဘူးတဲ့..။ ဘာဖြစ်လို့လဲဆိုတော့ ဒေါင်းလော့ချလိုက်လို့ သူ့စက်ထဲရောက်လာတဲ့ ဆော့ဝဲလ်တွေ အားလုံးက စာရွက်ဖြူလေးတရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှသုံးလို့မရဘူးတဲ့.. ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ သူ့စက်ကို သေချာဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ်မရှိလို့ ထည့်ပေးလိုက်မှ အဆင်ပြေသွားပါတယ်..။ သူ့ကိုတခါတည်း Winrar သုံးနည်းလေးပါ အောက်ကပုံလေးတွေအတိုင်း ပြောပြလိုက်ပါတယ်.. 

 

ဒါကတော့ ချုပ်နည်းပါ..။ ပြန်ဖြည်တဲ့နည်းကိုတော့ အောက်မှာဆက်ကြည့်လိုက်ပါဗျာ..

 

 

winrar နဲ့ချုပ်ထားတဲ့ဖိုင်ကို ဘယ်နှခါပဲဖြည်ဖြည် ကုန်သွားတယ်လို့ မရှိပါဘူး..။ မူရင်းဖိုင်ကတော့ အထဲမှာ ကျန်နေတုန်းပါပဲ..။

Samsung kies_2.3.3. (Samsung USB Driver)




မင်္ဂလာပါဗျာ Samsung ဖုန်း ကိုင်ဆောင်ထားတဲ့ သူတွေမိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်မယ်ဆိုရင်Samsung USB Driver က မရှိမဖြစ် လိုအပ်ပါတယ်
အခုတင်ပေးထားတဲ့ Samsung USB Driver က Windows တိုင်းကိုSupport လုပ်ပါတယ်မိမိချိတ်ဆက်ချင်တဲ့ ကွန်ပျူတာထဲကိုဒီဆော့ဝဲလ်ကို ထည့်လိုက်ပါ ပြီးရင် ဖုန်းကို USB ကြိုးနှင့် ချိတ်ဆက်ပါမိမိဖုန်းမှာ တူ.. ဆိုတဲ့ အသံပေါ်လာရင် ဖုန်းရဲ့ အပေါ်ဘားမှာလက်လေးနဲ့ ဆွဲချပြီး USB ပုံကို ရွေးချယ်နှိပ်လိုက်ပါဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်
ပုံတွင် ပြထားသည့် အတိုင်း Connect USB storage ကို
နှိပ်လိုက်ရင် စက်ဝိုင်းလေး လည်ပြီး ခဏနေဆိုရင်
ကွန်ပျူတာနှင့် မိမိဖုန်းနဲ့ ချိတ်ဆက်နေပါပြီးခင်ဗျာ
File Size (90.08MB) ရှိပါတယ်



Internet Download Manager 6.17 Build 7 Final




 Internet Download Manager 6.17 Build 7 Final နောက်ဆုံးထွက် Update လေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.2 MB ရှိပါတယ်..။


  IDM အတွက် crack ဖိုင်ကို လိုအပ်ရင်တော့ အောက်ကလင့်ကနေ ဝင်ရောက်ယူနိုင်ပါတယ်..။ ပါတ်စ်ဝါဒ့်က ကျနော့် Blog လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ (2 MB)


Free download DriverPack Solution 13 R320 Final Full Version





မင်္ဂလာပါဗျာ Gtalk မှာ သူငယ်ချင်း တစ်ယောက် မေးထားတာလေးပါ Windows တင်ပြီး ဘာတွေ လိုအပ်လဲ ဘာတွေ လုပ်ဆောင်ရမလဲ မေးတော့ အဓိကတော့ Driver ကိစ္စပါ Windows တင်ပြီးရင် Driver ဟာ မဖြစ်မနေ မောင်းပေးရပါတယ် အဲတော့ ကွန်ပျူတာ ဝန်ဆောင်မှု ပေးနေသော သူများအသုံးပြုလေ့ရှိတဲ့  DriverPack Solution 13 R320 Final ကို ကျွန်တော် ပြန်ရှယ်ထားပါတယ် File Size လည်း 4GB ကျော်တဲ့ အတွက် ကျွန်တော် ကိုယ်တိုင်း Download ဆွဲယူထားတဲ့ ဆိုဒ်ကနေ Download လင့်ကို ချိတ်ပေးထားပါတယ်ဗျာ စိတ်ချလက်ချ ဒေါင်းယူနိုင်ပါတယ် ကျွန်တော် ကိုယ်တိုင်း စမ်းသုံးပြီးပါပြီး အသုံးပြုပုံ အနည်းငယ်ကိုလည်း အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်ဗျာ







အပေါ်က ဖိုင် ၅ခုစလုံးကို ဒေါင်းယူပါ ပြီးရင် ဖိုင်တွေ အားလုံးကို တစ်ခုတည်း ဖြစ်အောင် ပြန်ပေါင်းလိုက်ပါ ဖိုင်ပေါင်းဖို့ အခက်အခဲ ဖြစ်နေလျှင် ဒီပိုစ့်မှာ ပြန်ကြည့်လို့ရပါတယ်ဗျာ ဖိုင်တွေ ပေါင်းပြီးပါက ISO ဖိုင်လေး ထွက်လာလိမ့်မယ်ဗျာ အဲဒီ ISO ဖိုင်ကို အောက်က ပုံအတိုင်း ဖွင့်ကြည့်ကြရအောင်ဗျာ အရင်ဆုံး အောက်က ပေးထားတဲ့ ဆော့ဝဲလ်ကို ဒေါင်းလင့် ဆွဲလိုက်ပါခင်ဗျာ

ပုံတွင် ပြထားသည့် အတိုင်း File ကို mouse ဖြင့် ထောက်ပြီး Open Image File ကို နှိပ်ပြီး ISO ဖိုင်ကို အောက်က ပုံအတိုင်း ထည့်လိုက်ပါခင်ဗျာ
ISO ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်ပြီး ထည့်လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ
ပုံတွင် ပြထားသည့် အတိုင်း နံပတ်(၁) နေရာကို နှိပ်လိုက်ရင် နံပတ်(၂) နေရာမျိုး ပေါ်လာလိမ့်မယ် ဒါဆိုရင် အပြင်မှာ Folder အသစ်တစ်ခု ဆောက်ပြီး  မြားထိုးပြထားသော နံပတ်(၂) နေရာမှာ ဖိုင်အားလုံးကို Select လုပ်ပြီး Folder အသစ်ထဲကို ဆွဲထည့်လိုက်ပါခင်ဗျာ ဒါဆိုရင်  DriverPack Solution 13 ဖိုင်ကို အောက်က ပုံအတိုင်း ဖွင့်လိုက်ပါဗျာ
DriverPack Solution 13 ကို အသုံးပြုဖို့ အတွက် ပုံတွင် ပြထားသည့် အတိုင်း DriverPack Solution ကို နှိပ်လိုက်ပါဗျာ
DriverPack Solution 13 ကို ဖွင့်လိုက်တာနဲ့ မိမိစက်မှာ လိုနေတဲ့ Driver တွေကို ရှာပေးမယ် ဖြစ်ပါတယ် ကျွန်တော်မှာတော့ 13 ခု ရှာပေးနေပါတယ် ပြီးရင် Install and Update ကို နှိပ်လိုက်ပါ ဒါဆိုရင် အောက်က ပုံစံ ကွက်မျိုး ပေါ်လာလိမ့်မယ်
မှတ်ချက်။         ။ ညာဘက်ထောင့်က Device Manager ကို နှိပ်ပြီး Driver စုံမစုံ စစ်ဆေးလို့ ရပါတယ်နော်........................။
..
ပုံတွင် ပြထားသည့် အတိုင်း  Install driver နေရာမှာ အမှတ်ခြစ်လေး ပေးလိုက်ရင် နောက် ပုံစံကွက်မျိုးပေါ်လာမယ် အဲဒီ ပုံစံကွက်ထဲက Start Installtion ကို နှိပ်လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း Driver တွေကို Install ရိုက်ထည့်နေလိမ့်မယ်ဗျာ
၁၀၀ရာနှုန်းပြည့်အောင် စောင့်ပေးလိုက်ပါ မိမိစက်က လိုနေတယ် Driver တွေ Install ရိုက်ထည့်နေလို့ပါ မိမိတို့ အနေနဲ့ တစ်ချက် သတိထားရမှာက Driver မစုံမချင် နှစ်ခါ သုံးခါလောက် ဒီပုံစံ အတိုင်း ပြန်ပြုလုပ်ပေးပါခင်ဗျာ Programs တွေကို Install ပြုလုပ်ချင်သေးရင် အောက်က ပုံအတိုင်း ပြုလုပ်လိုက်ပါဗျာ
ပုံတွင် ပြထားသည့် အတိုင်း Programs ကို ရွေးချယ်လိုက်ပါ ပြီးရင် Install and Update ကို နှိပ်လိုက်ပါ....................။
ဒီနေရာမှာ မိမိ Install ပြုလုပ်လိုသော Program တွေ အမှတ်ခြစ်လေး ပေးလိုက်ပါ ပြီးရင် Start Installtion နှိပ်လိုက်ပါခင်ဗျာ ဒါဆိုရင် အောက်က ပုံအတိုင်း Installtion ပြုလုပ်နေလိမ့်မယ်ခင်ဗျာ
100 ရာနှုန်းပြည့်ရင် မိမိ ကွန်ပျူတာမှာ မိမိ ထည့်လိုက်သော Software များ ရောက်သွားလိမ့်မည် အားလုံး အဆင်ပြေပါစေဗျာ

မှတ်ချက်။         ။ မိမိ ကွန်ပျူတာမှာ လိုအပ်နေတဲ့ Driver တွေကို 100 ရာနှုန်းပြည့် Install and Update ပြုလုပ်ပေးနိုင်ပါတယ်ခင်ဗျာ

Sunday 11 August 2013

Save လုပ်ပြီး သိမ်းထားရမဲ့ စာအုပ်အစုံပါတဲ့ Links


((( Save လုပ်ပြီး သိမ်းထားရမဲ့ စာအုပ်အစုံပါတဲ့ Links )))

စာအုပ် ၀ါသနာအိုးတွေ အတွက် ..

အရမ်း ကို Smart ကျတဲ့ Links ..
-------------------------------------------------------------------------------------------------
မာတိကာ သို့မဟုတ် ရှာဖွေရန်

(အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် အမည်အတိုင်း ကမှ အ အထိ ရှာနိုင်ပါသည်။)

အမျိုးအစားအလိုက်ရှာရန်

Saturday 10 August 2013

Run box မှာရိုက်နိုင်သော Command များ



Run box မှာ ရိုက်နိုင်သော Command များကို ကျွန်တော်သိထားသလောက် မျှဝေပေးလိုက်ပါတယ်။ မောက်နဲ့ ဟိုထဲသွားဖွင့် ဒီထဲသွားဖွင့်နဲ့ အလုပ်လည်းနဲနဲရှုပ်တာပေါ့ခင်ဗျာ။ သွားချင်နဲ့နေရာကို run box ထဲကနေ command လေးတွေရိုက်ပြီး ဖွင့်ရာတာ အလွန်လွယ်ကူပါတယ်။ မသုံးမလိုလည်း ဗဟုသုတလေးအနေနဲ့ မျှဝေပေးတာဖြစ်ပါတယ်ခင် ကျန်တာတွေ ရှိရင်လည်းနားလည်ပေးပါ  သိသလောက်ကလေး ပြန်လည်မျှဝေးပေးတာဖြစ်ပါတယ်။

WIFI ကိုသုံးပြီး WIFI အကြောင်းလေးသိစေဖို့




ယခုခေတ်တွင် Wifi ဟုဆိုလိုက်သည်နှင့် Wireless နည်းပညာကို အသုံးပြု၍ အင်တာနက် အသုံးပြုနိုင်တဲ့ နည်းပညာလို့  အားလုံးသိနေကြပြီဖြစ်ပါတယ်။ Wifi ကိုကျနော်တို့  ယခုဆိုလျှင် ကျယ်ကျယ် ပြန့်  ပြန့်  ကိုအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ YKKO ကဲ့သို့  ကြေးအိုးဆိုင်မျိုးဆိုလျှင် သူတို့  ဆိုင်များတွင် Wifi ကို လာရောက်စားသုံးသူများအတွက် Free ပေး၍စွဲဆောင်ထားသည်ကို ကြည့်ခြင်းအားဖြင့် Wifiကိုကျယ်ကျယ်ပြန့် ပြန့်  အသုံးပြုလာကြတာကို တွေ့  မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သိနေသော Wifi တွင် Standard အမျိုးမျိုး ရှိနေသည်ဆိုတာကိုတော့ တော်ယုံတန်ယုံ သတိပြုမိ ကြမည်မထင်။ ယခုအခါကျနော်တို့  အနေနဲ့  Mobile ဖုန်းများ၊Laptop များ၊ Router များဝယ်ယူသည် ဆိုလျှင်  Wifi Specs ကိုကြည့်လိုက်မည်ဆိုလျှင် 802.11 a/b/g/n စသည်ဖြင့် တွေ့ မိကြမည်ထင်ပါတယ်။ အဲဒီ 802.11 a/b/g/n ဆိုတာတွေကဘာတွေတုန်း? ဒါ့ကြောင့် ဒီဆောင်းပါးတွင်တော့ အဲဒီ 802.11 a/b/g/n တွေအကြောင်းကို ကျနော် အကျဉ်းချုံး၍ အနည်းအငယ်မျှ ရှင်းပြလိုပါတယ်။

Friday 9 August 2013

ကွန်ပျူတာ အခြေခံ အပိုင်း (၁ )

ဒီနေ့  Computer အခြေခံအကြောင်းလေးတွေကို သိသလောက်လေးတင်ပြချင်ပါတယ်
ဒီတစ်ခါတော့ ကွန်ပျူတာမှာ အခြေခံသိသင့်တဲ့အချက်လေးက စပြီး သင်တန်းသဘောမျိုးလေး လွမ်း.. ပို့ ချသွားပါမယ်… ကွန်ပျူတာကို စတင်လေ့လာသူများအတွက် အထောက်အကူပြုမယ်လို့  ယုံကြည်ပါတယ်…

ခုဆိုရင် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများပါ ကွန်ပျူတာကို အသုံးပြုနေပြီဖြစ်တဲ့အတွက် ကွန်ပျူတာကို သုံးစွဲတတ်ရင် အကျိုးများစွာရှိမှာ ဖြစ်ပါတယ်…

ကွန်ပျူတာကို သုံးစွဲသူတိုင်းကလည်း ကွန်ပျူတာရဲ့ အခြေခံအချက်အလက်၊ ကွန်ပျူတာအခေါ်အဝေါ်များကို သိထားသင့်ပါတယ်…

ကွန်ပျူတာဟာ နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းအတွက် မဖြစ်မနေ အသုံးပြုရန်လိုအပ်တဲ့အတွက် ကွန်ပျူတာကို သုံးတတ်အောင် လေ့လာသင်ကြားထားသင့်ပါတယ်…

ယခုအခါ တေးဂီတပညာရှင်များပါ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်အောင် လေ့လာသုံးစွဲနေကြပြီ ဖြစ်ပါတယ်…

ကွန်ပျူတာ အခြေခံ အပိုင်း(၂)


ဒီနေ့  Computer အကြောင်းလေး ဆက်ပြောပြပါမယ်…
INSIDE A COMPUTER
All computers contain the same basic components.
ကွန်ပျူတာတိုင်းမှာ တူညီတဲ့အခြေခံအစိတ်အပိုင်းလေးတွေပါပါတယ်…

Power Supply
A power supply changes normal household electricity into electricity that a computer can use.
ကွန်ပျူတာအလုပ်လုပ်ဖို့  Power Supply ပါဝင်ပါတယ်…

Hard Drive
A hard drive is a primary device that a computer uses to store information.
အချက်အလက်တွေကို သိမ်းဆည်းဖို့  Hard Drive ပါပါတယ်…

Thursday 8 August 2013

USB မှ Window တင်နည်း & Window 7 / 8 ISO Images Files များ

လာရောက်လည်ပတ် လေ့လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။