This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, 16 September 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ


ဒါကတော့တော်တော်များများသိသိသားဖြစ်မှာပါ။ မသိသေးတဲ့လူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Online ရှိတဲ့နေရာ တိုင်းက အခကြေးငွေ လုံးဝ (လုံးဝ) ပေးစရာမလိုဘဲ လေ့လာသင်ယူ လို့ရတဲ့ ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်များ ဖြစ်ပါတယ်။ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language
များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
 
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

Aung Kham (TSJ team)
Source: TechSpace Web blog

ကွန်ပျူတာကိုမိမိကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်းရအောင်


 ဒီနည်းလမ်းလေးကတော့ကျွန်တော်တို့အိပ်ခါနီးမှာသီချင်းလေးတွေနားထောင်ပြီးမှအိပ်ချင်သူတွေအတွက်တော့

အ၇မ်းကိုအသုံးတည့်ပါတယ်။ကွန်ပျူတာကိုနောက်ထပ်တစ်နာ၇ီကြာ၇င်  Auto Shutdown  လုပ်ခိုင်းမှာလား

မိမိစိတ်ကြိုက်အချိန်အတိုင်းအတာကိုလဲသတ်မှတ်လို့၇ပါတယ်။နည်းလမ်းလေးကလဲအ၇မ်းကိုလွယ်ပါတယ်။

အောက်ကနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်လိုက်ပါနော်........


1. Window + R ကိုနှိပ်လိုက်ပါ။ပြီး၇င် Run Box ထဲမှာ  shutdown.exe -s -t 3600 ဆိုပြီး၇ိုက်ထည့်

   လိုက်ပါ။  3600နေ၇ာမှာမိမိတို့စိတ်ကြိုက်အချိန်ကိုသတ်မှတ်ပေးလို့၇ပါတယ်။ကျွန်တော်တို့အဲ့ဒီကွန်မန်

   လေးပေးပြီးနောက်ထပ် စက္ကန့် ( 3600 ) တစ်နာ၇ီကြာ၇င်စက်ကအလိုလို Shut down ကျသွားပါလိမ့်
   မယ်။




2. တကယ်လို့ကျွန်တော်တို့ပေးထားတဲ့အချိန်မှာ Shut down မချချင်တော့လို့ပေးထားတဲ့ကွန်မန်းလေးကို     ပြန်ပြီးဖျက်ချင်တယ်ဆို၇င်လဲ၇ပါတယ်။ Run Box ထဲမှာ shutdown.exe -a ဆိုပြီး ၇ိုက်ထည့်လိုက်ပါ။ဒါ


    
အခုနည်းလမ်းလေကိုကို ဧကရာဇ် ဆီမှပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။

Thursday, 5 September 2013

conmand prompt ဖြင့် virus သတ်နည်း


ဒီတစ်ခါကတော့ ကျွှန်တော်တို့ conmand prompt ဖြင့် virus သတ်နည်းလေးပဲ ဖြစ်ပါတယ် conmand prompt သည် မည်သည့် virus အမျိုးစားများကိုမဆို တိုက်ခိုက် နိုင်ပါတယ်  ကျွှန်တော်တို့ notepad ဖြင့်
Virus အတုလေးလုပ်ကြည့်ရအောင်  ပထမဆုံး ကျွှန်တော်တို့ရက်စက်တွေမှ virus တွေမရှိသေ့ဘူးဆိုတော့ W+R ကိုနိုပ်ပါ run box ပေါ်လာပါမည် run box တွင် notepad ရေးလိုက်ပြီး enter ခေါက်လိုက်ပါ notepad ပေါ်လာပါမည်
(၁)


(၂) enter ခေါက်လိုက်ပါ
(၃)


virus အတုရေးသားတယ်ဆိုတော့ မိမိကြိုက်နက်သက်သည့်စာသားများရေးထည့်နိုင်ပါတယ်
ပြီးလျှင် file ကိုသွားပါ save as name တွင် autorun.inf လို့ရေးထည့်ပါ မိမိ save ချင်သည့်နေရာ
တွင် save လိုက်ပါ ကျွှန်တော်ကတော့ drive d မှသိမ်းလိုက်ပါမယ်  ok ဒါဆိုလျှင် အတုလုပ်ထားတက် virus ဖိုင်က d ထဲသို့ရောက်သွားပါပြီး
 (၂) အဆင့်ကတော့ conmand prompt ဖြင့် virus ရှာနည်းပါ..


 W+R ဖြင့် run box ကိုခေါ်လိုက်ပါ run box တွင် cmd လို့
ရေးထည့်ပါ cmd ဆိုတာက conmand prompt ရက်အတိုကောက်ဖြစ်ပါတယ် ပြီးလျှင် ok ဒါဆိုလျှင် အမဲရောင် conmand prompt ပေါ်လာပါလိမယ် command prompt တွင် dir d:/a လို့ရေးထည့်ပါ
enter ခေါက်ပါ

 ဒါဆိုလျှင် drive d တွင်ရှိသမျှ file အားလုံးပေါ်လာပါလိမယ် dir ဆိုတာက directory
ဖြစ်ပါတယ် d: ဆိုတာက မိမိစစ်ဆေးလိုသည့် drive အညွန်းဖြစ်ပါတယ် / ရက်နောက်က a ကတော
attribute ဖြစ်ပါတယ်  directory  ဒုတိယ စာကြောင်းတွင် autorun.inf
ဆိုတာလေးကိုတွေရမှာပါ virus တွေက Recycle.Bin နှင့်တွေပါတက်ပါတယ် ဒါဆိုလျှင် virus ကိုတွေပါပြီး
(၃) virus file ကို ဖျက်နည်း

Virus file ဖျက်နည်းအညွန်းကတော့ del ပဲဖြစ်ပါတယ်
Conmand prompt တွင် c:\>del d:\autorun.inf ပဲဖြစ်ပါတယ်

Ok ဒါဆိုလျှင် virus file လေးပျက်သွားပါပြီ
ကျွှန်တော်သိသလောက်မှတ်သလောက်လေးတင်ပေးလိုက်ပါတယ်ဗျာ အားလုံး virus ရန်မှကင်းဝေးပြီး နည်းပညာများရှာနိုင်ကြပါစေ….
                                                                                                  Post မျိုးမျိုး



Wednesday, 21 August 2013

Internet Download Manager သုံးပါ

http://mgsaytanar.blogspot.com/2012/07/internet-download-manager.html



အင်တာနက် သုံးသည့်နှင့် မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုအကြောင်း ရေးသားဖော်ပြပါမည်။ Internet Download Manager ကို ကွန်ပျူတာထဲသို့ မည်သို့ မည်ပုံ ထည့်သွင်းရမည်ကို ရေးသားပေးခဲ့ဖူးပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရှင်းလင်းချက် ညံ့ဖျင်းမှုကြောင့် အားလုံးလိုလို နားမလည် ဖြစ်နေပုံရ၏။ ထို့ကြောင့် IDM အကြောင်းကို အစကနေ ထပ်မံရေးသားဖော်ပြအပ်ပေ၏။

၁) IDM ကို Download လုပ်ယူပါ။
၂) idman60b ကို Install လုပ်ပါ။ Restart တောင်းပါက ပေးလိုက်ပါ။ ပြီးပါက
၃) Start Bar ညာဘက် အောက်ခြေတွင် ပေါ်နေသော IDM သင်္ကေတ အလုံးလေးကို Right Click လုပ်ပြီး Exit ကို ရွေး၍ ပိတ်ပါ။
၎) Download လုပ်ယူထားသော ဖိုင်ထဲတွင် Patch ဖိုင်ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။

၅) ဖိုင်လမ်းကြောင်းတစ်ခု မေးလိမ့်မည်။ My Computer ရှိ Local Disk (C:) အောက်တွင် Program Files ကို သွားပါ။ Internet Download Manager ဖိုင်ကိုဖွင့်၍ IDMan အလုံးလေးကို ရွေးလိုက်ပါ။
၆) ဒါဆိုရင် Patch လုပ်တာ ပြီးသွားပါပြီး။
၇) Start မှ IDM ကို ပြန်ဖွင့်လိုက်ပါ။

ဒါဆိုရင် အမြဲတမ်း သုံးနိုင်ပါပြီး။ အထူးမှာကြားလိုသည်မှာ IDM update လုပ်မလား မေးသည့်အခါ No သာ ပေးရန် ဖြစ်ပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်လျက် . . .

Internet Download Manager 6.17 Build 8 Final


ဒီနေ့ပဲ Update ထွက်လာတဲ့ IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။


IDM အတွက် crack ဖိုင်ကို လိုအပ်ရင်တော့ အောက်ကလင့်ကနေ ဝင်ရောက်ယူနိုင်ပါတယ်..။ ပါတ်စ်ဝါဒ့်က ကျနော့် Blog လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ (2 MB)


Saturday, 17 August 2013

ဆရာကြီး vRoot version အသစ်လာပြန်ပြီဗျို့ Version 1.5.0 Thursday, August 08, 2013 | Posted by အဓိပတိ



ဆရာကြီးကတော့ version အသစ်ထပ်လာပြန်ပြီ update တွေကလဲ ခဏခဏပေးတယ်ဗျ
root တဲ့နေရာမှာတော့ ဆရာ့ ဆရာကြီးပဲ
official site ကဝင်ဒေါင်းကြည့်ရအောင်
မဒေါင်းချင်ရင် 
ကနေဒေါင်းလိုက်ဗျာ

Wednesday, 14 August 2013

Memory Card ထဲကဖျက်လိုက်မိတဲ့ Data , file တွေကို ပြန်ယူဖို့ နည်းလမ်း



ကွန်ပျူတာမှာ မမျှော်လင့်ဘဲ ဖျက်လိုက်မိလို့ ပျောက်ဆုံးသွားတဲ့ Data , file တွေကို ပြန်ယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့ အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များ အတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် recovery ပြန်လုပ်လို့ ရပါတယ်။

၂။ Instll လုပ်ရပါမယ်။

၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။ 

၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မ့်မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။

၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။

၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။

၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။

၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ် သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်
------------------------ 
TechSpace နည်းပညာဂျာနယ်မှ ကူးယူ ဖော်ပြသည်။
မူရင်းဆိုဒ်

မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)



ကွန်ပျူတာတစ်လုံးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေထဲမှာ Winrar လည်းပါပါတယ်..။ ဒါကြောင့် Winrar ကိုအလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။
ကျန်ခဲ့တဲ့ပိုစ့်မှာ ဆော့ဝဲလ်သွင်းတာ၊ ထုတ်တာကို ရေးခဲ့ပေမယ့် တကယ်ဆို Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊ ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ နားလည်သဘောပေါက်မှာပါ..။ မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကို ဒေါင်းလော့ချတဲ့အခါ သုတို့က သူတို့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်တွေကို ဗိုင်းရပ်စ့်မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း အနည်းငယ်ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း အတော်လေးအဆင်ပြေပါတယ်..။ ဆော့ဝဲလ်တွေမှ မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar နဲ့ချုပ်ပြီး သိမ်းထားလို့ ရပါတယ်.. Winrar နဲ့မချုပ်ပဲ ထားတဲ့ဓါတ်ပုံဖိုင်တွေဆိုရင် ဗိုင်းရပ်စ် ဖုံးလိုက်လို့ ခဏခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေဆိုရင်လည်း ဗိုင်းရပ်စ်ဖျက်လိုက်ရင် သုံးလို့မရတော့ပါဘူး..။ ဒါက ကျနော့်စက်ထဲမှာ ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။ မိမိတို့စက်ထဲမှာ Winrar မရှိသေးဘူးဆိုရင်တော့ဒီနေရာမှာ ဒေါင်းလော့ချလိုက်ပါ.. ဖရီးဆော့ဝဲလ်လေးပါ..။ ကျနော့်သူငယ်ချင်းတစ်ယောက်ဆိုရင် မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေက ဒေါင်းလို့တော့ရတယ် ..။ သုံးလို့မရဘူးတဲ့..။ ဘာဖြစ်လို့လဲဆိုတော့ ဒေါင်းလော့ချလိုက်လို့ သူ့စက်ထဲရောက်လာတဲ့ ဆော့ဝဲလ်တွေ အားလုံးက စာရွက်ဖြူလေးတရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှသုံးလို့မရဘူးတဲ့.. ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ သူ့စက်ကို သေချာဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ်မရှိလို့ ထည့်ပေးလိုက်မှ အဆင်ပြေသွားပါတယ်..။ သူ့ကိုတခါတည်း Winrar သုံးနည်းလေးပါ အောက်ကပုံလေးတွေအတိုင်း ပြောပြလိုက်ပါတယ်.. 

 

ဒါကတော့ ချုပ်နည်းပါ..။ ပြန်ဖြည်တဲ့နည်းကိုတော့ အောက်မှာဆက်ကြည့်လိုက်ပါဗျာ..

 

 

winrar နဲ့ချုပ်ထားတဲ့ဖိုင်ကို ဘယ်နှခါပဲဖြည်ဖြည် ကုန်သွားတယ်လို့ မရှိပါဘူး..။ မူရင်းဖိုင်ကတော့ အထဲမှာ ကျန်နေတုန်းပါပဲ..။

Samsung kies_2.3.3. (Samsung USB Driver)




မင်္ဂလာပါဗျာ Samsung ဖုန်း ကိုင်ဆောင်ထားတဲ့ သူတွေမိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်မယ်ဆိုရင်Samsung USB Driver က မရှိမဖြစ် လိုအပ်ပါတယ်
အခုတင်ပေးထားတဲ့ Samsung USB Driver က Windows တိုင်းကိုSupport လုပ်ပါတယ်မိမိချိတ်ဆက်ချင်တဲ့ ကွန်ပျူတာထဲကိုဒီဆော့ဝဲလ်ကို ထည့်လိုက်ပါ ပြီးရင် ဖုန်းကို USB ကြိုးနှင့် ချိတ်ဆက်ပါမိမိဖုန်းမှာ တူ.. ဆိုတဲ့ အသံပေါ်လာရင် ဖုန်းရဲ့ အပေါ်ဘားမှာလက်လေးနဲ့ ဆွဲချပြီး USB ပုံကို ရွေးချယ်နှိပ်လိုက်ပါဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်
ပုံတွင် ပြထားသည့် အတိုင်း Connect USB storage ကို
နှိပ်လိုက်ရင် စက်ဝိုင်းလေး လည်ပြီး ခဏနေဆိုရင်
ကွန်ပျူတာနှင့် မိမိဖုန်းနဲ့ ချိတ်ဆက်နေပါပြီးခင်ဗျာ
File Size (90.08MB) ရှိပါတယ်



Internet Download Manager 6.17 Build 7 Final




 Internet Download Manager 6.17 Build 7 Final နောက်ဆုံးထွက် Update လေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.2 MB ရှိပါတယ်..။


  IDM အတွက် crack ဖိုင်ကို လိုအပ်ရင်တော့ အောက်ကလင့်ကနေ ဝင်ရောက်ယူနိုင်ပါတယ်..။ ပါတ်စ်ဝါဒ့်က ကျနော့် Blog လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ (2 MB)


လာရောက်လည်ပတ် လေ့လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။